မြင့်မြတ်ကတော့ တစ်ခါမှမတွေ့ဖူးတဲ့ ဒွန့်ချက်တွေနဲ့ ပရိသတ်တွေကိုဖမ်းစားလိုက်ပြန်ပါတယ်။

ဂျင်းကောင်ဇာတ်ရုပ်နဲ့ ပရိသတ်ချစ်ခင်မှုအခိုင်အမာ ရရှိထားတဲ့ အကယ်ဒမီ မြင့်မြတ်နဲ့ သရုပ်ဆောင် Kညီ တို့ဟာ Ve Ve အချိုရည်ရိုက်ကူးရေးနဲ့ နယ်ကို ရောက်ရှိနေတာပါပဲဖြစ်ပါတယ်။
အကယ်ဒမီမြင့်မြတ်ဟာ Ve Ve ရဲ့ Brand Ambassador တစ်ဦးလည်းဖြစ်သလို မြင့်မြတ်နဲ့ Kညီတို့ရဲ့ ရိုက်ကွင်းက ဟာသဗီဒီယို အတိုလေးတွေကလည်း ပရိသတ်တွေ အကြိုက်များ နေကြတာကိုလည်း တွေ့ရပါတယ်။ ဒီနေ့မှာလည်း ဓာတ်ပုံဆရာ ဉာဏ က မြင့်မြတ်နဲ့Kညီတို့ အတူဒွန့်ထားတဲ့ ဗီဒီယိုလေး ကိုတင်ထားပါတယ်။ ဂျင်းကောင်မြင့်မြတ်ကို တစ်ခါမှမမြင်ဖူးတဲ့ ကကွက်တွေနဲ့ မြင်တွေ့ရမှာမို့လို့ Channel X ပရိသတ်ကြီးအတွက် ဖော်ပြပေးလိုက်ရပါတယ်။ ပရိသတ်ကြီးက ဂျင်းကောင်ကတာ ချစ်တယ်ဆိုရင် Like&Share လေးလုပ်သွားဦးနော်။

Related