တေးသံရှင် ကော်ဘရာ နဲ့ ဖြူဖြူကျော်သိန်းတို့ အနုပညာမောင်နှမ နှစ်ဦးဟာ ချစ်သူများနေ့အမီ ကိုယ်ပိုင်သံစဉ် စုံတွဲသီချင်းလေး ထွက်ဖို့ရှိတယ်လို့သိရပါတယ်။

Simple, Free Image and File Hosting at MediaFire
သီချင်း MTV လေးကိုပါ ရိုက်ကူး ပြီးစီးသွားပြီလို့လည်း သိရပါတယ်။ ဖြူဖြူကတော့ အနုပညာလောကနဲ့ အဆက်အသွယ်မပြတ် ပေမယ့် ဆယ်စုနှစ်တစ်ခုက အောင်မြင်ခဲ့တဲ့ တေးသံရှင်ကော်ဘရာ ကတော့နှစ်အတော်ကြာ သီချင်းတွေနဲ့ ဝေးကွာနေပြီးတော့ လက်တလောမှာတော့ အနုပညာအလုပ်တွေ လုပ်လာတာကိုလည်း တွေ့ရပါတယ်။ အသံပါဝါအားကောင်းကြတဲ့ အဆိုတော် နှစ်ဦးဟာ အချစ်စုံတွဲသီချင်းလေးကို အတွဲညီအောင် ဘယ်လို ပုံဖော်ရိုက်ကူးသီဆို ထားမလဲဆိုတာကတော့ စိတ်ဝင်စားစရာ ကောင်းလှပါတယ်။ Channel X ပရိသတ်ကြီးလည်း ဒီသီချင်းလေးနဲ့ ပတ်သက်ပြီး ရင်ခုန်လို့ရအောင် ဖြူဖြူကျော်သိန်း တင်ထားတဲ့ ရိုက်ကွင်းက ပုံလေးတွေကို ပြန်လည်ဖော်ပြ ပေးလိုက်ပါတယ်။
Simple, Free Image and File Hosting at MediaFire
Simple, Free Image and File Hosting at MediaFire
Simple, Free Image and File Hosting at MediaFire
Simple, Free Image and File Hosting at MediaFire

Related