ပျိုတိုင်းကြိုက်တဲ့လူပျိုကြီး စိုင်းစိုင်းခမ်းလှိုင်က “အဝေးပြေးကားလေးကိုစီးကာ မန္တလေးမြို့သို့ ရောက်လာ” ဆိုပြီးတော့ ဗီဒီယိုလေးတင်ထားခဲ့ပါတယ်။

Simple, Free Image and File Hosting at MediaFire
လူပျိုကြီးဘဝကို မစွန့်လွှတ်သေးတဲ့ စိုင်းစိုင်းကတော့ သူချစ်တဲ့ ပရိသတ်တွေအတွက် သီချင်းတွေဆိုရင်းနဲ့ ဖြတ်သန်းနေပါတယ်။ အခုဆိုရင်လည်း အလုပ်ကိစ္စနဲ့ မန္တလေးမြို့ကို ရောက်နေတယ်လို့ သိရပါတယ်။


မကြာခင်မှာလည်း စိုင်းစိုင်းပါဝင် သရုပ်ဆောင်ထားတဲ့ “ကြာတော့သည်လည်းမောင့်စကား” ရုပ်ရှင်ဇာတ်ကားကြီးက ရုံတင်တော့မှာဖြစ်ပါတယ်။

Simple, Free Image and File Hosting at MediaFire
ဒီဇာတ်ကားထဲမှာ ထွန်းထွန်း၊ စိုင်းစိုင်းခမ်းလှိုင်၊ ဖွေးဖွေး တို့ကအဓိက ပါဝင်သရုပ်ဆောင်ထားပါတယ်။ စာရေးဆရာမ ဂျူးရဲ့ အောင်မြင်ထားတဲ့ ဝတ္ထုကို ပြန်လည်ရိုက်ကူးထားတာမို့လို့ ရုံမတင်ခင်ကတည်းက ပရိသတ်တွေက စောင့်မျှော်နေရတဲ့ ဇာတ်ကားတစ်ကားလည်းဖြစ်ပါတယ်။ ဒီဇာတ်ကားနဲ့ ပတ်သက်ပြီးတော့ စိုင်းစိုင်းလည်း အောင်မြင်မှုတွေ ထပ်လောင်းရရှိပါစေနော်။
Simple, Free Image and File Hosting at MediaFire

Related