
R&B သီချင်းတွေကို အကောင်းဆုံးဖန်တီးသီဆိုတတ်တဲ့ အဆိုတော်ရဲလေးကတော့ ၂၀၁၉ အတွက် သူရဲ့ ပထဆုံးသီချင်းအသစ်လေးကို ပရိသတ်တွေကို မိတ်ဆက်ပေးလိုက်ပါတယ်။

ဆယ်စုနှစ်တစ်ခုကတည်းက အခုချိန်အထိ ပရိသတ်တွေရင်ထဲမှာ နေရာယူထားတဲ့ ရဲလေးကတော့ အခုဆိုရင်လည်း သူဆိုနေကျပုံစံနဲ့ ကွဲထွက်မယ့်ရသမျိုးနဲ့ သီချင်းအသစ်လေးကို သီဆိုရိုက်ကူး ထားပါတယ်။ အရင်ပုံစံတွေနဲ့ ကွဲထွက်နေလို့ ဒီသီချင်းလေးကို ပရိသတ်တွေကလည်း ကြိုက်နှစ်သက် နေကြပါတယ်။

သီချင်းလေးနာမည်က Against ဖြစ်ပြီးတော့ ရဲလေး ကိုယ်တိုင်ပါဝင်ရေးစပ်ထားတဲ့ သီချင်းလေးလည်းဖြစ်ပါတယ်။ ရဲလေးက ဒီသီချင်းလေးကို အရင်နဲ့မတူတဲ့ ပုံစံမျိုးနဲ့ သီဆိုထားတာဆိုတော့ Channel X ပရိသတ်ကြီးလည်း နားဆင်လို့ရအောင် ပြန်လည်ဖော်ပြပေးလိုက်ရပါတယ်။