
အကယ်ဒမီမယ်လိုဒီကတော့ အကယ်ဒမီရတာ မပျော်ဘူးတဲ့
ထာဝရအလင်းတန်းများ ဆိုတဲ့ ရုပ်ရှင်ဇာတ်ကားကြီးနဲ့ အကယ်ဒမီ ဇာတ်ဆောင်အမျိူးသမီးဆုကို အရယူနိုင်ခဲ့တယ့် သရုပ်ဆောင် မယ်လိုဒီ ကတော့ အကယ်ဒမီရပြီးနောက်ပိုင်း အနုပညာလောကကနေ ပျောက်ကွယ်လို့ သွားခဲ့ပေမဲ့လည်း ယနေ့ထက်ထိတိုင် ပရိသတ်တွေရဲ့ ချစ်ခင်အားပေးခြင်းကို ခံနေရဆဲပဲ ဖြစ်ပါတယ်။
သူမအနေနဲ့ အကယ်ဒမီရခဲ့တုန်းက လုံးဝမပျော်ခဲ့ရပဲ ဝမ်းနည်းစိတ်တွေနဲ့ မျက်ရည်ကျခဲ့ရတဲ့ နေ့ရက်တွေတောင် ရှိခဲ့ဖူးတယ်လို့ သိရပါတယ်။ အကယ်ဒမီဟာသူမနဲ့ မထိုက်တန်ဘူးလို့ ပြစ်တင်ဝေဖန်နေကြတဲ့သူတွေကြောင့် အနုပညာအလုပ်တွေဆက်မလုပ်တော့ဖို့ကိုလည်း ဆုံးဖြတ်ခဲ့တာဖြစ်ကြောင်းလည်းသိရှိရပါတယ်။

အကယ်ဒမီသမိုင်းထဲပါသွားခဲ့ပေမဲ့လည်း အပြည့်အဝပျော်ရွင်ခြင်းမရခဲ့တဲ့ အကယ်ဒမီ မယ်လိုဒီဟာ အခုနောက်ပိုင်းမှာတော့ ပရိသတ်တွေရဲ့ အားပေးချစ်ခင်ခြင်းကို ပြန်လည်ရရှိခဲ့ပြီး အနုပညာအလုပ်တွေ ပြန်လည်လုပ်ဆောင်ဖို့ ခွန်အားတွေရှိလာပြီလို့လည်း သိရှိရပါတယ်။ သူမအနေနဲ့ အခုချိန်မှာ အကယ်ဒမီရခဲ့တဲ့ ပျော်ရွှင်ခြင်းကို ပြန်လည်ခံစားနေရပြီလို့လည်း ပြောကြားခဲ့ပါတယ်

ချစ်တဲ့ Channel X ပရိသတ်ကြီးလည်း အကယ်ဒမီမယ်လိုဒီကိုအားပေးကြပါဦးနော်။
Photo Crd.