ဒီကနေ့မနက် အစောပိုင်းမှာ ကွယ်လွန်သွားရှာပြီဖြစ်တဲ့ သရုပ်ဆောင် ဦးကင်းကောင်အတွက် ကြာစိ တို့အဖွဲ့ဟာ ဦးကင်းကောင် ရဲ့နောက်ဆုံးထွက်သက် အခန်းလေးမှာပဲ သက်ပျောက်ဆွမ်းကပ်လှူ အမျှပေးဝေခဲ့ကြပါတယ်။

Simple, Free Image and File Hosting at MediaFire
အနုပညာလောကရဲ့ အဖိုးတန်ငွေကြယ်ပွင့်တစ်ပွင့် ဆုံးရှုံးလိုက်ရတဲ့ အတွက် အနုပညာ လောကသားတိုင်းက ဝမ်းနည်းကြေကွဲ နှမြောနေကြပါတယ်။ ဦးကင်းကောင်ဟာ ပုပ္ပါးမှာ ဇာတ်ကားရိုက်နေရင်း ဆုံးပါးသွားတာဖြစ်တာကြောင့် သူနဲ့အတူ ကားရိုက်နေတဲ့ သရုပ်ဆောင် ကြာစိ တို့အဖွဲ့က သူရဲ့နောက်ဆုံးထွက်သက် အခန်းလေးမှာ သက်ပျောက်ဆွမ်း ကပ်လှူပေးခဲ့ကြ တာကို ကြာစိက “ဦးကင်း ရဲ့နောက်ဆုံးထွက်သက် အခန်းလေးမှာ သက်ပျောက် ဆွမ်းကပ် တရားနာအမျှပေးဝေပါသည်… ဦးကင်းကြားပါစေ သိပါစေ မြင်ပါစေ နော်” ဆိုပြီး တင်ထားခဲ့ပါတယ်။
ဦးကင်းကောင်တစ်ယောက်လည်း ကြာစိတို့အဖွဲ့ပြုလုပ်ပေးခဲ့တဲ့ ကုသိုလ်တွေကိုရနိုင်ပါစေလို့ ဆုတောင်း ပေးလိုက်ရပါတယ်။

Simple, Free Image and File Hosting at MediaFire
Simple, Free Image and File Hosting at MediaFire
Simple, Free Image and File Hosting at MediaFire

Related