ဘဝတစ်ပါးသို့ကူးပြောင်းသွားပြီဖြစ်တဲ့ ပြည်သူချစ် ဟာသ လူရွင်တော် သရုပ်ဆောင် ကင်းကောင်

သရဲလေးကောင်အဖွဲ့ဝင်တစ်ဦးဖြစ်တဲ့ ဟာသလူရွင်တော်သရုပ်ဆောင် ဦးကင်းကောင် တစ်ယောက်(22.1.19) နံနက်အစောပိုင်းတွင် ပုပ္ပါး၌ ရိုက်ကူးရေးပြုလုပ်နေစဉ်အတွင်း ချွဲများကြပ်လာပြီး
တစ်ပါးသို့ကူးပြောင်းသွားကြောင်းသိရှိရပါတယ်။ အောင်မြင်ခဲ့တဲ့ ဟာသရုပ်ရှင်ကားတွေရဲ့ တစ်ထောင့်တစ်နေရာကနေပါဝင်ဖျော်ဖြေခဲ့တဲ့ ဦးကင်းကောင်ရဲ့ ဟာသတွေကတော့ ပြည်သူတွေရဲ့အကြားမှာ ယနေ့ထက်ထိတိုင်အောင်မြင်လျက်လည်းရှိပါတယ်။လူတစ်ကာပေါ်လေးစားဆက်ဆံတတ်တဲ့ဟာသ သရုပ်ဆောင်ကြီး ဝါရင့်သရုပ်ဆောင်ကြီး ဦးကင်းကောင်ကတော့ နောက်ထက်ဟာသတွေဖန်တီးနိုင်ဖို့အခွင့်အရေး မရှိတော့ပါဘူး။ ပြည်သူတွေရဲ့ဘဝအမောတွေကို ပြေပျောက်စေခဲ့တဲ့ ပြည်သူချစ်သရုပ်ဆောင် ဦးကင်းကောင်ကတော့ သူ့ဘဝတစ်လျှောက်လုံး ချစ်တဲ့အနုပညာအလုပ်တွေလုပ်ရင်း ဘဝကိုပေးဆပ်သွားခြင်းလည်းဖြစ်ပါတယ်။ ကြွင်းကျန်ရစ်တဲ့ရုပ်ကလာပ်ကိုတော့ရန်ကုန်ကိုပြန်လည်သယ်ယူနိုင်ဖို့အတွက် ဆောင်ရွက်နေကြတဲ့အကြောင်းကိုလည်းသိရှိရပါတယ်။   ကောင်းတဲ့ဘုံဘဝ၊အေးချမ်းတဲ့ဘုံဘဝ ကိုရောက်သွားပါစေတော့လို့ ဆုတောင်းပေးလိုက်ပါတယ် ဦးကင်းကောင်ရေ ။

Related