အကယ်ဒမီ ထွန်းထွန်းက မကြာမီ ရုံတင်တော့မယ့် “လေးပါးကျော့ရှိန်ဝရဇိန်” ရုပ်ရှင်ဇာတ်ကားကြီး ရဲ့ ရိုက်ကွင်းနောက်ကွယ်က မင်းသွေး အပါအဝင် ပါဝင်သရုပ်ဆောင်ကြတဲ့ အနုပညာရှင်တွေရဲ့ အမှတ်တရ ဗီဒီယိုလေးကို တင်ထားခဲ့ပါတယ်။

Simple, Free Image and File Hosting at MediaFire
“လေးပါးကျော့ရှိန်ဝရဇိန်” ရုပ်ရှင်ဇာတ်ကားကြီးကို ဒါရိုက်တာသားညီ ကရိုက်ကူး ထားပြီးတော့ မင်းမော်ကွန်း၊ ထွန်းထွန်း၊ နေမင်း၊ မင်းသွေး၊ စည်ဖြိုး၊ ပိုင်ဖြိုးသု၊ ရွှေသမီး၊ သံသာမိုးသိမ့် တို့က အဓိကပါဝင် သရုပ်ဆောင်ထားကြပါတယ်။ ရုံတင်ဖို့ကလည်း (၄) ရက်သာလိုတော့သလို အဖွဲ့သားတွေ အားလုံးကလည်း ကွယ်လွန်သွားပြီဖြစ်တဲ့ သရုပ်ဆောင် မင်းသွေးကို လွမ်းဆွတ်သတိရ နေကြပါတယ်။ ထွန်းထွန်းကလည်း ဒီဇာတ်ကားရဲ့ ရိုက်ကွင်းနောက်ကွယ်က သရုပ်ဆောင်တွေရဲ့ ဗီဒီယိုလေးကို အမှတ်တရအနေနဲ့ ပြန်လည်တင်ထားပါတယ်။ ဒီဗီဒီယိုလေးထဲမှာ မင်းသွေးလည်း ပါတာကြောင့် ပရိသတ်တွေကလည်း မင်းသွေးကို လွမ်းဆွတ်နေကြပါတယ်။ ထွန်းထွန်းတင်ထားတဲ့ ဗီဒီယိုလေးကို Channel X ပရိသတ်ကြီး အမှတ်ရစေဖို့ ပြန်လည်ဖော်ပြပေးလိုက်ရပါတယ်။

Related