မြိုင့်ကိုချစ်တဲ့လုူတွေ များလိုက်တာနော်။

အခုရက်ပိုင်းမှာတော့ ပရိသတ်တွေရဲ့ အသည်းနှလုံးကို ဖမ်းစားနိုင်ခဲံတဲ့ ပျားရည်အိုင် ဇာတ်လမ်းတွဲလေးကတော့ ဇာတ်သိမ်းလို့သွား ခဲ့ပြီ ဆိုပေမဲ့ မြိုင်ကတော့ ပရိသတ်တွေရဲ့ ရင်ထဲမှာ ရှင်သန်နေဆဲပါပဲ။ မြိုင်အတွက် ပေးပို့ခဲ့တဲ့ အကယ်ဒမီ ကိုယ်စားပြုရွှေစင်ရုပ်ထုလေးကတော့ မေမီကိုကိုဆီ ရောက်ရှိလို့ လာခဲ့ပါတယ်။ အဆိုပါ ရွှေရုပ်ထုလေးကိုတော့ လပွတ္တာမြို့ကသူငယ်ချင်းတစ်စုက ပေးပို့ခဲ့တာဖြစ်ပြီးတော့ သူတို့ရေးသားခဲ့တဲ့ စာထဲမှာတော့
သူတို့အနေနဲ့ မေမီကိုကို ကို့ အရိပ်ဇာတ်လမ်းတွဲကနေ စတင်သတိထားမိတာဖြစ်ပြီးတော့ အခု ပျားရည်အိုင်ဇာတ်လမ်းထဲမှာတော့ မြိုင်ဆိုတဲ့ ဇာတ်ကောင်နဲ့ အရမ်းသရုပ်ဆောင်ကောင်းခဲ့တာကြောင့် သူတို့ရင်ထဲက အကယ်ဒမီကိုပေးပို့ချင်စိတ်တွေ ဖြစ်ခဲ့ပြီး အခုလို ပေးပို့ခဲ့တာဖြစ်တယ်လို့ရေးသားထားပြီးတော့ သူတို့အနေနဲ့ ဒီထက်မက လုပ်ပေးချင်သေးကြောင်းကိုလည်း ရေးသားထားပါသေးတယ်။
အရမ်းသရုပ်ဆောင်ကောင်းတဲ့ မြိုင်တစ်ယောက် အနုပညာလမ်းမပေါ် ဒီထက်မက အောင်မြင်စွာလျှောက်လှမ်းနိုင်ပါစေလို့ ဆုတောင်းပါတယ်နော်
Simple, Free Image and File Hosting at MediaFire
Simple, Free Image and File Hosting at MediaFire
Simple, Free Image and File Hosting at MediaFire
Simple, Free Image and File Hosting at MediaFire

Related