သံစဉ်အေးအေးချိုချိုလေးတွေနဲ့ ပရိသတ်တွေရင်ထဲနေရာယူထားတဲ့ တေးသံရှင် မနော နဲ့ ခေတ်နဲ့ အပြိုင် ဖက်ရှင်ကျကျအမြဲနေတတ်တဲ့ သရုပ်ဆောင် သင်ဇာဝင့်ကျော်တို့ဟာ “မြတ်ပန်းသခင်” ပိုးထည်ဆိုင်ရဲ့ ကြော်ငြာလေးကို ရိုက်ကူးထားပါတယ်။

ဒီကြော်ငြာရဲ့ ဗီဒီယိုလေးကိုလည်း မနောက သူ့ရဲ့ လူမှုကွန်ယက် စာမျက်နှာမှာတင်ထားတာပဲ ဖြစ်ပါတယ်။ ပိုးထည်ဆိုင် ကြော်ငြာဖြစ်တဲ့ အတွက်ကြောင့်မို့ မနောရော သင်ဇာ ကပါ မြန်မာဆန်ဆန်လေးဝတ်ဆင်ပြီး ရိုက်ကူးထားတာ ဖြစ်ပါတယ်။ ဒီကြော်ငြာလေးမှာထူးခြားတာက မနောရဲ့ လူကြိုက်များအောင်မြင်နေတဲ့ “အချစ်စစ်ရဲ့ တန်ဖိုး” သီချင်းတစ်ပုဒ်လုံးနဲ့ မြန်မြန်ဆန်ဆန်လေး ရိုက်ထားတာပါ။ ရိုးရိုးအေးအေးလေးနေတတ်တဲ့ မနော နဲ့ ခေတ်နဲ့အပြိုင် ဖက်ရှင်ကျနေတဲ့ သင်ဇာတို့ဟာ ဒီကြော်ငြာလေးထဲမှာ ဘယ်လိုသရုပ်ဆောင်မှုတွေနဲ့ ပရိသတ်တွေ ရင်ထဲရောက်မလဲဆိုတာကို Channel X ပရိသတ်ကြီး အတွက် ပြန်လည်ဖော်ပြပေးလိုက်ရပါတယ်။

Related